Wednesday, August 11, 2010

မိသားစု

မိ သားစု ဆိုတာနဲ့  နီးနီးကပ်ကပ် နေခွင့်ရခဲ့တုန်းက ကိုယ့်မိသားစုကို တန်ဖိုး မထားခဲ့မိဘူး....ဖေဖေမေမေ တို့ နဲ့ စကားစမြည်းပြောနေရမယ့် ညဘက်လို အချိန်မျိုးကို ဘာမဟုတ်တဲ့ ကိုရီးယား ကား ကြ ည့်ပြီး အချိန်ဖြုန်းခဲ့မိတယ်..ဘွဲ့ ရပြီးတဲ့ အချိန်မှာလည်း အဖေတို့ နဲ့  နီးနီးကပ်ကပ် နေခြင်းမရှိဘဲ တစ်နေ့ ပြီးတစ်နေ့ သင်တန်းတွေ တက်ပြီးပဲ အချိန်ကုန်ခဲ့တာ..ဒါဟာ ကိုယ့် ဘ၀အတွက် ကောင်းတာတွေ လုပ်နေတယ်လို့ ပဲ ထင်ခဲ့မိတာ...တကယ်လည်း ဟုတ်ခဲ့ပါတယ်..ဒါပေမယ့် ကိုယ့် ဘ၀ ရဲ့ အချိန်တွေကို မိသားစုနဲ့ တော့ များများစားစား ကုန်ဆုံးခဲ့သင့်တာပေါ့...အမြဲတမ်း ဘ၀ တက်လမ်း ဆုံးမ စကားတွေ ဆုံးမတတ်တဲ့ အဖေ...အဲ့ ဆုံးမစကားတွေ ကြားနေရတုန်းက ခဏခဏ ငြီးငွေ့ ခဲ့မိတယ်..ခုချိန် ဘ၀မှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း အဖေ့မျက်နှာကိုကြည့်ပြီး အဖေဆုံးမ တာလေးတွေကို နားထောင်ချင်မိတယ်...နှာ လေးစီးတာနဲ့ ..'' သမီး..နေမကောင်းဘူးလား..အနွေးထည် ၀တ်ထားလေ..ဆေးသောက် ''လို့ အမြဲ စိတ်ပူပန် ဂရုစိုက်တဲ့အမေ...အဲ့ လို ဂရုစိုက်မှုတွေ ရနေတုန်းက အမေက ပိုလိုက်တာလို့ ထင်ခဲ့မိတယ်...ခုချိန် ဖျားများဖျားရင် အမေ့ ရဲ့ ဂရုစိုက်မှုလေးတွေကို သေမတတ်လိုချင်ခဲ့တယ်..ငယ်ငယ်တည်းက ကျောင်းမှာဖြစ် လာ သမျှကို ခုချိန် လူပျိုပေါက်ဖြစ်တဲ့အထိ တစ်ခွန်းမကျန် ပြန်ပြောပြတတ်တဲ့ မောင်လေး ရဲ့စကားတွေကိုလည်း ပြန်ကြားမိတယ်...ရှိတုန်းက တန်ဖိုးမထား ဘဲ မရှိမှ ငမ်းငမ်းတတ် တောင့်တတတ်တာ လူ့ ဝဘာဝပဲကိုး....
ဖုန်းဆက်ရင် လည်း ဖြူ့ မိသားစုက အရင်ကအတိုင်း နွေးနွေးထွေးထွေး ဖြူ့ ကို အားပေးဆဲ...ခုချိန်များ ရန်ကုန်ပြန်လို့ ရရင် ချက်ချင်းပဲ ပြေး သွားလိုက်ချင် တယ်...တကယ်ပါ....ကိုယ့်ဆွေမျိုးသား ချင်း မရှိတဲ့ နိုင်ငံခြားမှာ မိသားစု ဆိုတဲ့ အနှစ်သာရမရှိဘဲ နေနေရတာ စိတ်ညစ်ဖို့ ကောင်းတယ်..အားလည်းငယ်တယ်..စိတ်ဓါတ်လည်းကျတယ်..၀မ်းလည်း နည်းတယ်..

သူငယ်ချင်း တို့ ရေ..ခုချိန်မှာ သူငယ်ချင်းတို့  ဟာ ကိုယ်ချစ်တဲ့ မိသားစုေ လးနဲ့ တူတူနေနေရတယ်ဆိုရင် အဲ့မိသားစုလေးကို တန်ဖိုး ထားကြပါ..နောက် တစ် ချိန် ဝေးခဲ့ကျရင် ဖြူ့ လို နောင်တမရရအောင်ပေါ့....း)

Thursday, August 5, 2010

Singaporeans တွေရဲ့ အင်္ဂလိပ်စကား

Blogspot က အကိုအမတွေထဲမှာ စင်္ကာပူမှာနေတဲ့လူ တော်တော်များပါတယ်..ဒါကြောင့်လည်း ဖြူ့ စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာလေးကို တင်ဖြစ်လိုက်တာပါ...
သာမန် Singaporean တွေရဲ့ အင်္ဂလိပ်စကားဟာ အဆိုးဝါးဆုံး အခြေအနေမှာ ရောက်နေတယ်လို့ ပြောလို့ ရတယ်..အများစုက Singlish ကိုပဲ အဓိကထားပြောနေကြသလို စင်္ကာပူမှာ ရောက်ရှိနေတဲ့ မြန်မာတစ်ချို့ ဟာလည်း သူတို့ ရဲ့  အသုံးအနှုန်းတွေကို လိုက်ပြီး ပြောနေကျတာ သတိထားမိပါတယ်...ဒ့ါအပြင် အဆိုးဆုံး တစ်ခုရှိပါတယ်...အဲ့ဒါကတော့ သူတို့ တွေ မကြာခဏထည့် ပြောနေကြတဲ့ ''လား'' အသုံးအနှုန်းပါပဲ...သူတို့ ရဲ့ တရုတ်နဲ့ မလေးစကားမှာ '' လား'' ကို ထည့်ပြောကြတာတော့ သတိထားမိပါတယ်...သူတို့ က အဲ့ဒါကို အကျင့်ပါပြီး အင်္ဂလိပ်စကားမှာပါ ထည့်ပြောနေကြတယ်ထင်ပါရဲ့...သူတို့ မပြောနဲ့ ..ဖြူတောင် တစ်ခါတစ်လေ '' လား'' မပါရရင် မေးခွန်းတစ်ခုကို မမေးတတ်လောက်အောင်ကို ဖြစ်နေပါပြီ...
ဥပမာ.. ကိုယ်က ''This one?'' လို့ ပြောချင်ရင် ဒီအတိုင်းကို မပြောတတ်တော့ပဲ '' This one la'' လို့ ထည့်ထည့်ပြောတတ်တာ အကျင့်တစ်ခုဖြစ်နေပါပြီ..အဲ့ဒါကို စင်္ကာပူ အစိုးရက သိလို့  SGEM( Speak Good English Movement) လို့ ခေါ်တဲ့ အစီအစဉ်တစ်ခုကို မကြာခင်က အကောင် အထည်ဖော်ပေးခဲ့ပါတယ်..အဲ့အစီစဉ်မှာ Singaporean တွေကို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံ အမျိုးမျိုးက နိုင်ငံခြားသားတွေနဲ့ တွေ့ ပေးပြီး စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့တာပါ..အဲ့အစီအစဉ်မှာ သူတို့ ကိုယ်သူတို့ English စကားတော်တော် ပြောနိုင်တယ် ဆိုပြီး ဟုတ်လှပြီ ထင်နေတဲ့ Singaporean တော်တော်များများဟာ အဲ့ကျမှ သူတို့ ရဲ့ ဆိုးရွားတဲ့ အခြေအနေကို သဘောပေါက်နားလည် သွားကြပါတယ်...

သူငယ်ချင်းတို့ ရဲ့ English အခြေအနေကော ဘယ်လိုရှိကြလဲ?... :)

Monday, July 19, 2010

အခန်းဖော်နဲ့ နေ့ စဉ် ပြဿနာ

လွန်ခဲ့တဲ့ ၃လလောက်ကမှ ရောက်လာတဲ့ ကောင်မလေးပါ....ရုပ်လေးကတော့ ချောချောလေးနဲ့ စကားပြောရင်းလည်း ပတ်ချွဲနှပ်ချွဲ ဖြူတို့ ကိုများ မဖြူရေ ဘာညာနဲ့ ချစ်ဖို့ တော့ အကောင်းသားပါ...ကိုယ်ကလည်း အကြောင်းမသိသေးတော့ ကိုယ့်ညီမလေး တစ်ယောက်လို အားလုံး အဆင်ပြေအောင် ကူညီခဲ့ပါတယ်...ဖြူတင်မဟုတ်ပါဘူး..အိမ်က လူတွေအားလုံးလည်း ညီမအရင်းလေးလို့ ချစ်ကြပါတယ်...ပေါင်းကြည့်မှ အကြောင်းသိ ဆိုသလိုပဲ နေလာတာ ၂ပတ် ၃ပတ်ကျော်တော့ သူ့ အကြောင်းတွေကို ကောင်းကောင်းကြီး သိလာပါတယ်...ဆိုးချက်က သူနဲ့ ဖြူတို့ နဲ့  တစ်ခန်းထဲနေရတာ...သူ့ ဒဏ်ကို တခြားလူတွေထက် အနီးကပ် ခံရတာပေါ့...

ရေလဲထမီကို ရေချိုးပြီးရင် လျှော်ပြီးသား အ၀တ်တွေလှန်းတဲ့ နေရာမှာ ဒီအတိုင်း ပစ်တင်ထားတာ...ကိုယ်က တွေ့ ရင်တော့ အမြဲသတိပေးတတ်တယ်..အဲ့လို သတိပေးလည်း သတိပေးတုန်း ခဏပဲ ..ဟုတ် ဟုတ်နဲ့ ..ပြီးရင် သူလုပ်ချင်တာ လုပ်တော့တာ...သန့် ရှင်းရေးကိုလည်း သူ့ အလှည့်ရောက်ရင် ချော ခေါင်းမူးနေလို့ ..ပင်ပန်းပြီး ကိုယ်တွေ လက်တွေ ကိုက်နေတယ် မဖြူရယ် နဲ့ မလုပ်ဘဲ အကြောင်းပြပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်တတ်တယ်...သူက အဲ့လိုပြောတော့ ဖြူတို့ ကလည်း ဘာပြောလို့ ရမှာလဲ...သက်ပြင်း တစ်ချက်ချပြီး လုပ်ပေးရတော့တာပေါ့....အဆိုးဆုံးက ညအိပ်ချိန် ရောက်ရင် တစ်ဒေါက်ဒေါက်နဲ့  chat တော့တာပါပဲ...အဲ့လို ချက်တာ တစ်နာရီလောက်တော့ကြာတယ်...'' ဒီလောက် ညည့်နက်နေပြီ..ဘယ်သူနဲ့ ချက်နေတာလဲ '' ဆိုတော့ '' မသိဘူးလေ...ချောကို invite လုပ်ထားလို့ '' တဲ့...ကိုယ်ကလည်း သူ့  personal မို့ ဒီထက် မေးလို့ မကောင်းတာနဲ့ အိပ်ပျော်အောင် ကြိုးစားအိပ်ရတာပါပဲ...အခန်းထဲက လူတွေကလည်း complain တက်ကြတယ်...ဟုတ်တယ်လေ..သူ့ ဟာက တစ်ည နှစ်ည မှမဟုတ်တာ..ညတိုင်းလိုလိုဆိုတော့ လွန်တာပေါ့..အဲ့လိုမှ မချက်ရင်လည်း ကလစ်..ကလစ်..ကလစ် နဲ့ gmail စစ်ရင်စစ်.. ဂိမ်းဆော့ရင်ဆော့ လုပ်နေတတ်တယ်...မနက်ဘက်တွေ လုပ်ဖို့ အချိန်မရှိတာလည်း မဟုတ်...လူတွေ အိပ်ချိန်မှ လုပ်နေတာဆိုတော့ ဖြူတို့ လည်း သူ့ ကိုပြောရတော့တာပေါ့..မပြောလို့ လည်းမရဘူး...ကိုယ်တွေက မနက် ၅ နာရီအစောကြီးထပြီး အလုပ်သွားဖို့ ပြင်ဆင်ရတာ..သူက မနက်၉ နာရီ ၁၀ နာရီထိ အိပ်နေတာ..သူ့ အလုပ်က နေ့ ခင်း ဘက်ဆိုတော့ အိပ်နိုင်တာပေါ့...ဖြူက စောစော ထဖို့ ဆို စောစောအိပ်မှ ရတာ..မဟုတ်ရင် တစ်နေ့ လုံး ခေါင်းတွေ မူးနေရော...ခုတော့ ညဘက်ကို ၁၀ နာရီခွဲလောက်တည်းက အိပ်ရာထဲရောက်ပေမယ့် ၁၁ နာရီခွဲ ..၁၂နာရီလောက်မှ အိပ်ပျော်သွားတာ...

နောက်...အလွန် အသုံးအဖြုန်းကြီးတယ်...သူ့ ပိုက်ဆံသူ သုံးတာ ဖြူ ဘာမှမပြောပါဘူး..ဒါပေမယ့် လကုန်လို့ အိမ်လခ ပေးရင် အမြဲ တစ်ယောက်ယောက် ဆီက လှည့်ချေးတတ်တယ်...အဲ့လိုချေးပြီးရင်လည်း လလည်လောက်မှ ပြန်ပေးတတ်တာ...ကိုယ်တွေက ကိုယ့်အသုံးစရိတ်နဲ့ ကိုယ်...ပြီး..အိမ်ကိုလည်း ပို့ ရသေးတယ်...ကိုယ့်ဟာနဲ့ ကိုယ် ဘယ်လိုမှ လောက်တာမဟုတ်ဘူး...သူချေးသွားပြီဆို အိမ်ကို ပိုက်ဆံမပို့ နိုင်တော့ဘူး... အားနာလို့ ဘာမှမပြောတာ..သူရောက်ပြီးမှ တော်တော်ကို ဒုက္ခများတယ်...

စိတ်ညစ်တယ်...တကယ်ပဲ... :(

Saturday, July 17, 2010

လွမ်းတယ်.....

မိုးတွင်း ကြီးထဲ ရွှံ့ ဗွက်တွေ ပေကျံနေတဲ့လမ်းမပေါ်မှာ ခေါက်တုန့် ခေါက်ပြန် ကျူရှင်သွား ကျောင်းသွားလုပ်ခဲ့ရတဲ့ အနော်မာ လမ်းမကြီး ကို လွမ်းတယ်.....


သူငယ်တန်း တစ်နှစ်ပတ်လုံး ကျောင်းဆင်းတော့ မေမေနဲ့ အတူ ၀က်သားတုတ်ထိုး ထိုင်စားခဲ့ကြတဲ့ အချိန်တွေကို လွမ်းတယ်.....


အဆင့် တွေ အမှတ်တွေကောင်းတဲ့အခါ မေမေ့ကို တစ်ခုခုဝယ်ပေးခိုင်းဖို့ အမြဲခေါ်သွားတတ်တဲ့ စတိုးဆိုင် သေးသေးလေးကို လွမ်းတယ်......


ကျောင်းပိတ်ရက်တွေတိုင်း မမောနိုင် မပန်းနိုင် စာအုပ် ငှားဖို့ သွားနေကျဖြစ်တဲ့ စာအုပ်အငှားဆိုင်လေးကို လွမ်းတယ်.....

ညနေတိုင်း ညနေတိုင်း အဒေါ်တွေနဲ့ တပျော်ကြီး လမ်းလျှောက်ထွက်ခဲ့ကြတာတွေကို လွမ်းတယ်....

၈ တန်းမှာဖြူ ချော်လဲတော့ ၀ိုင်းလှောင်နေတဲ့ ယောင်္ကျားလေးတစ်စုကို ကတ်ကတ်လန်အောင် ရန်တွေ့ ပစ်တဲ့ သူငယ်ချင်း အေးသီတာကို လွမ်းတယ်......

ကျူရှင်ဘေးက စားနေကျ ရခိုင်မုန့် တီဆိုင်လေးကို လွမ်းတယ်.....

အားလုံးအမြင်မှာ အရမ်းကြောက်စရာကောင်းတဲ့ ဆရာမကြီးတစ်ယောက်ဖြစ်ပေမယ့် သူတပည့်တွေ အမှတ်တွေကောင်းလာတဲ့အခါ ၀မ်းသာပြီး ပြုံးနေတတ်တဲ့ ၉တန်း အတန်းပိုင်ဆရာမကို လွမ်းတယ်....

ည ၇ နာရီတိုင်း တီဗီရှေ့ မှာ ကိုရီးယားဇာတ်လမ်းတွဲတွေကို တစ်မိသားစုလုံး တက်ညီလက်ညီ ထိုင်ကြည့်ခဲ့ကြတာတွေကို လွမ်းတယ်....

လမ်းထဲမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေလာခဲ့တဲ့ အိမ်နီးချင်းတွေကို လွမ်းတယ်....

မြန်မာနိုင်ငံ မှာရှိတဲ့ အမှတ်တရတွေကို တွေးမိတိုင်း စာအုပ်ထဲ ချချရေးခဲ့ရတာ အမော...ခုတော့ ဒီ blog လေးထဲ ရေးဖြစ်ခဲ့တယ်...

လွမ်းတယ်...မြန်မာပြည်ရယ်.....




Friday, July 16, 2010

နှင်းပွင့်ဖြူ

ဒီ blog လေးကို စရောက်လာပုံက blog အရေးကောင်းတဲ့ ဖြူ့ သူငယ်ချင်း တစ်ယောက်ကြောင့်ပါ..ဖြူက ငယ်ငယ်တည်းက ဒိုင်ယာရီရေးတာ ၀ါသနာပါခဲ့တာ...၅တန်းလောက်တည်းကပေါ့...ဒိုင်ယာရီစာအုပ်ကြီးတွေ ၀ယ်ပြီးရေးတာ...ငယ်ငယ်တုန်းက ရေးထားတဲ့ စာအုပ်တွေ ခုထိ ရှိနေသေးတယ်..ပြန်ဖတ်ကြည့်တိုင်း ရယ်နေရတာ...ခုလို အင်တာနက် ပေါ်မှာ blog တွေ တစ်ခါမှမရေးဖူးဘူး...ပွင့်ပွင့်လင်းလင်းပြောရရင် blog ဆိုတဲ့ အရာကိုတောင် စင်္ကာပူရောက်မှ သိခဲ့တာပါ...တုံးတယ်နော်...ဖြူ့ သူငယ်ချင်းက blog ရေးတာ... ၀ါသနာကြီးတယ်...သူတိုက်တွန်းလို့  blogspot ကို ရောက်လာခဲ့တာ...စရောက်ရောက်ချင်း ဘာမှ မရေးသေးဘဲ စီနီယာ အကိုအမတွေ ရေးတာကို လိုက်ဖတ်ကြည့်ခဲ့မိတယ်...ရေးရမှာတောင် လန့် သွားရော..သိလား...အရမ်းကောင်းနေကြလို့ လေ...ငါ ဒီလောက် ရေးနိုင်ပါ့မလားဆိုပြီး.....အားတောင် ငယ်သွားတယ်... :( ဖြူ မသိတာရှိရင် သင်ပေးကြပါနော်...အားတိုင်း လာရေးပါ့မယ်...အားလုံးကိုလည်း ခင်ချင်ပါတယ်...း)...

နှင်းပွင့်ဖြူ

မိတ်ဆက်

မင်္ဂလာပါ...
ပထမဆုံး အကြိမ် blog ရေးတာဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပြီး သင်ပြပေးကြပါလို့ ..... :)