Wednesday, August 11, 2010

မိသားစု

မိ သားစု ဆိုတာနဲ့  နီးနီးကပ်ကပ် နေခွင့်ရခဲ့တုန်းက ကိုယ့်မိသားစုကို တန်ဖိုး မထားခဲ့မိဘူး....ဖေဖေမေမေ တို့ နဲ့ စကားစမြည်းပြောနေရမယ့် ညဘက်လို အချိန်မျိုးကို ဘာမဟုတ်တဲ့ ကိုရီးယား ကား ကြ ည့်ပြီး အချိန်ဖြုန်းခဲ့မိတယ်..ဘွဲ့ ရပြီးတဲ့ အချိန်မှာလည်း အဖေတို့ နဲ့  နီးနီးကပ်ကပ် နေခြင်းမရှိဘဲ တစ်နေ့ ပြီးတစ်နေ့ သင်တန်းတွေ တက်ပြီးပဲ အချိန်ကုန်ခဲ့တာ..ဒါဟာ ကိုယ့် ဘ၀အတွက် ကောင်းတာတွေ လုပ်နေတယ်လို့ ပဲ ထင်ခဲ့မိတာ...တကယ်လည်း ဟုတ်ခဲ့ပါတယ်..ဒါပေမယ့် ကိုယ့် ဘ၀ ရဲ့ အချိန်တွေကို မိသားစုနဲ့ တော့ များများစားစား ကုန်ဆုံးခဲ့သင့်တာပေါ့...အမြဲတမ်း ဘ၀ တက်လမ်း ဆုံးမ စကားတွေ ဆုံးမတတ်တဲ့ အဖေ...အဲ့ ဆုံးမစကားတွေ ကြားနေရတုန်းက ခဏခဏ ငြီးငွေ့ ခဲ့မိတယ်..ခုချိန် ဘ၀မှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း အဖေ့မျက်နှာကိုကြည့်ပြီး အဖေဆုံးမ တာလေးတွေကို နားထောင်ချင်မိတယ်...နှာ လေးစီးတာနဲ့ ..'' သမီး..နေမကောင်းဘူးလား..အနွေးထည် ၀တ်ထားလေ..ဆေးသောက် ''လို့ အမြဲ စိတ်ပူပန် ဂရုစိုက်တဲ့အမေ...အဲ့ လို ဂရုစိုက်မှုတွေ ရနေတုန်းက အမေက ပိုလိုက်တာလို့ ထင်ခဲ့မိတယ်...ခုချိန် ဖျားများဖျားရင် အမေ့ ရဲ့ ဂရုစိုက်မှုလေးတွေကို သေမတတ်လိုချင်ခဲ့တယ်..ငယ်ငယ်တည်းက ကျောင်းမှာဖြစ် လာ သမျှကို ခုချိန် လူပျိုပေါက်ဖြစ်တဲ့အထိ တစ်ခွန်းမကျန် ပြန်ပြောပြတတ်တဲ့ မောင်လေး ရဲ့စကားတွေကိုလည်း ပြန်ကြားမိတယ်...ရှိတုန်းက တန်ဖိုးမထား ဘဲ မရှိမှ ငမ်းငမ်းတတ် တောင့်တတတ်တာ လူ့ ဝဘာဝပဲကိုး....
ဖုန်းဆက်ရင် လည်း ဖြူ့ မိသားစုက အရင်ကအတိုင်း နွေးနွေးထွေးထွေး ဖြူ့ ကို အားပေးဆဲ...ခုချိန်များ ရန်ကုန်ပြန်လို့ ရရင် ချက်ချင်းပဲ ပြေး သွားလိုက်ချင် တယ်...တကယ်ပါ....ကိုယ့်ဆွေမျိုးသား ချင်း မရှိတဲ့ နိုင်ငံခြားမှာ မိသားစု ဆိုတဲ့ အနှစ်သာရမရှိဘဲ နေနေရတာ စိတ်ညစ်ဖို့ ကောင်းတယ်..အားလည်းငယ်တယ်..စိတ်ဓါတ်လည်းကျတယ်..၀မ်းလည်း နည်းတယ်..

သူငယ်ချင်း တို့ ရေ..ခုချိန်မှာ သူငယ်ချင်းတို့  ဟာ ကိုယ်ချစ်တဲ့ မိသားစုေ လးနဲ့ တူတူနေနေရတယ်ဆိုရင် အဲ့မိသားစုလေးကို တန်ဖိုး ထားကြပါ..နောက် တစ် ချိန် ဝေးခဲ့ကျရင် ဖြူ့ လို နောင်တမရရအောင်ပေါ့....း)

4 comments:

ဟန်နာ said...

နောက်လည်း ပြန်တွေ့ ရမှာပေါ့...အမရယ်..မိဘ မေတ္တာဆိုတာကုန်တယ် မရှိပါဘူး..ဟုတ်တယ်ဟုတ်..အားတင်းထားပါနော်..း)

noblemoe said...

နှင်းရေ အားတင်းထားပါ ဒီရက်တွေက အမြဲမဟုတ်ဖူးလေ တနေ့ကုန်ဆုံးသွားမှာပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

သုခုမလေဒီ said...

ဟုတ်တယ်.. နောင်တမရအောင်နေရမယ်။ တချို့ကလည်း သေမှအဲဒီလူကို တန်ဖိုးထားရမှန်း သိတယ်။ သေမှသူ့ကောင်းကြောင်းပြောလေ့ရှိကြတယ်။ စိတ်ပျက်စရာပဲ..

မြတ်မွန် said...

နှင်းပွင့်ရေ ရောက်ခဲ့ပြီး ဖတ်သွားတယ်။