Friday, July 16, 2010

နှင်းပွင့်ဖြူ

ဒီ blog လေးကို စရောက်လာပုံက blog အရေးကောင်းတဲ့ ဖြူ့ သူငယ်ချင်း တစ်ယောက်ကြောင့်ပါ..ဖြူက ငယ်ငယ်တည်းက ဒိုင်ယာရီရေးတာ ၀ါသနာပါခဲ့တာ...၅တန်းလောက်တည်းကပေါ့...ဒိုင်ယာရီစာအုပ်ကြီးတွေ ၀ယ်ပြီးရေးတာ...ငယ်ငယ်တုန်းက ရေးထားတဲ့ စာအုပ်တွေ ခုထိ ရှိနေသေးတယ်..ပြန်ဖတ်ကြည့်တိုင်း ရယ်နေရတာ...ခုလို အင်တာနက် ပေါ်မှာ blog တွေ တစ်ခါမှမရေးဖူးဘူး...ပွင့်ပွင့်လင်းလင်းပြောရရင် blog ဆိုတဲ့ အရာကိုတောင် စင်္ကာပူရောက်မှ သိခဲ့တာပါ...တုံးတယ်နော်...ဖြူ့ သူငယ်ချင်းက blog ရေးတာ... ၀ါသနာကြီးတယ်...သူတိုက်တွန်းလို့  blogspot ကို ရောက်လာခဲ့တာ...စရောက်ရောက်ချင်း ဘာမှ မရေးသေးဘဲ စီနီယာ အကိုအမတွေ ရေးတာကို လိုက်ဖတ်ကြည့်ခဲ့မိတယ်...ရေးရမှာတောင် လန့် သွားရော..သိလား...အရမ်းကောင်းနေကြလို့ လေ...ငါ ဒီလောက် ရေးနိုင်ပါ့မလားဆိုပြီး.....အားတောင် ငယ်သွားတယ်... :( ဖြူ မသိတာရှိရင် သင်ပေးကြပါနော်...အားတိုင်း လာရေးပါ့မယ်...အားလုံးကိုလည်း ခင်ချင်ပါတယ်...း)...

နှင်းပွင့်ဖြူ

7 comments:

ဇွန်မိုးစက် said...

ှနှင်းပွင့်ဖြူတဲ့လား...နာမည်လေးက လှလိုက်တာ။

လာလည်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်လည်း လာအားပေးမယ်နော်။

ခင်တဲ့
ဇွန်

မြတ်မွန် said...

နှင်းဖြူရေ..
အားပေးပါတယ်..
ကြိုဆိုပါတယ်ရှင်..။

နှင်းပွင့်ဖြူ said...

ကြိုဆိုပြီး လာအားပေးတဲ့ သူငယ်ချင်း ဇွန်နဲ့  မြတ်မွန်တို့ရေ... ကျေးဇူးပါနော်...

noblemoe said...

ဖြူရေးး တူတူပါပဲ အားမငယ်နဲ့နော် ရေးသာရေး မိုးလည်း ရေးတတ်တာမဟုတ်ဖူး ဒီလိုပဲရေးဖြစ်သွားတာ။ အားပေးနေမယ်နော်
သာယာချမ်းမြေ့ပါစေနော်
မိုး

နှင်းပွင့်ဖြူ said...

သူငယ်ချင်း မိုးရဲ့ အားပေးစကားကြားရလို့ ဖြူ အားရှိသွားပြီ...လာအားပေးတာ ကျေးဇူးပါ.....
သူငယ်ချင်းလည်း သာယာချမ်းမြေ့ပါစေ... :)

:P said...

ူစာလာဖတ်ပါတယ်.။

ThuHninSee said...

း) လာဖတ်ပါတယ်။ နာမည်ကြားရတာ ချမ်းတယ်။