သူငယ်တန်း တစ်နှစ်ပတ်လုံး ကျောင်းဆင်းတော့ မေမေနဲ့ အတူ ၀က်သားတုတ်ထိုး ထိုင်စားခဲ့ကြတဲ့ အချိန်တွေကို လွမ်းတယ်.....
အဆင့် တွေ အမှတ်တွေကောင်းတဲ့အခါ မေမေ့ကို တစ်ခုခုဝယ်ပေးခိုင်းဖို့ အမြဲခေါ်သွားတတ်တဲ့ စတိုးဆိုင် သေးသေးလေးကို လွမ်းတယ်......
ကျောင်းပိတ်ရက်တွေတိုင်း မမောနိုင် မပန်းနိုင် စာအုပ် ငှားဖို့ သွားနေကျဖြစ်တဲ့ စာအုပ်အငှားဆိုင်လေးကို လွမ်းတယ်.....
ညနေတိုင်း ညနေတိုင်း အဒေါ်တွေနဲ့ တပျော်ကြီး လမ်းလျှောက်ထွက်ခဲ့ကြတာတွေကို လွမ်းတယ်....
၈ တန်းမှာဖြူ ချော်လဲတော့ ၀ိုင်းလှောင်နေတဲ့ ယောင်္ကျားလေးတစ်စုကို ကတ်ကတ်လန်အောင် ရန်တွေ့ ပစ်တဲ့ သူငယ်ချင်း အေးသီတာကို လွမ်းတယ်......
ကျူရှင်ဘေးက စားနေကျ ရခိုင်မုန့် တီဆိုင်လေးကို လွမ်းတယ်.....
အားလုံးအမြင်မှာ အရမ်းကြောက်စရာကောင်းတဲ့ ဆရာမကြီးတစ်ယောက်ဖြစ်ပေမယ့် သူတပည့်တွေ အမှတ်တွေကောင်းလာတဲ့အခါ ၀မ်းသာပြီး ပြုံးနေတတ်တဲ့ ၉တန်း အတန်းပိုင်ဆရာမကို လွမ်းတယ်....
ည ၇ နာရီတိုင်း တီဗီရှေ့ မှာ ကိုရီးယားဇာတ်လမ်းတွဲတွေကို တစ်မိသားစုလုံး တက်ညီလက်ညီ ထိုင်ကြည့်ခဲ့ကြတာတွေကို လွမ်းတယ်....
လမ်းထဲမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေလာခဲ့တဲ့ အိမ်နီးချင်းတွေကို လွမ်းတယ်....
မြန်မာနိုင်ငံ မှာရှိတဲ့ အမှတ်တရတွေကို တွေးမိတိုင်း စာအုပ်ထဲ ချချရေးခဲ့ရတာ အမော...ခုတော့ ဒီ blog လေးထဲ ရေးဖြစ်ခဲ့တယ်...
လွမ်းတယ်...မြန်မာပြည်ရယ်.....
2 comments:
လွမ်းတာပေါ့ကွယ် ကိုယ့်မြန်မာနိုင်ငံပဲ မလွမ်းပဲ နေမလားလို့နော်
ဟုတ်ပါတယ်..သူငယ်ချင်းရေ..လွမ်းလွန်းလို့ ဒီ blog လေးမှာ ချရေးဖြစ်တာပါ.. comment အတွက် ကျေးဇူးပါ... :)
Post a Comment