
Wednesday, August 11, 2010
မိသားစု

Thursday, August 5, 2010
Singaporeans တွေရဲ့ အင်္ဂလိပ်စကား
သာမန် Singaporean တွေရဲ့ အင်္ဂလိပ်စကားဟာ အဆိုးဝါးဆုံး အခြေအနေမှာ ရောက်နေတယ်လို့ ပြောလို့ ရတယ်..အများစုက Singlish ကိုပဲ အဓိကထားပြောနေကြသလို စင်္ကာပူမှာ ရောက်ရှိနေတဲ့ မြန်မာတစ်ချို့ ဟာလည်း သူတို့ ရဲ့  အသုံးအနှုန်းတွေကို လိုက်ပြီး ပြောနေကျတာ သတိထားမိပါတယ်...ဒ့ါအပြင် အဆိုးဆုံး တစ်ခုရှိပါတယ်...အဲ့ဒါကတော့ သူတို့ တွေ မကြာခဏထည့် ပြောနေကြတဲ့ ''လား'' အသုံးအနှုန်းပါပဲ...သူတို့ ရဲ့ တရုတ်နဲ့ မလေးစကားမှာ '' လား'' ကို ထည့်ပြောကြတာတော့ သတိထားမိပါတယ်...သူတို့ က အဲ့ဒါကို အကျင့်ပါပြီး အင်္ဂလိပ်စကားမှာပါ ထည့်ပြောနေကြတယ်ထင်ပါရဲ့...သူတို့ မပြောနဲ့ ..ဖြူတောင် တစ်ခါတစ်လေ '' လား'' မပါရရင် မေးခွန်းတစ်ခုကို မမေးတတ်လောက်အောင်ကို ဖြစ်နေပါပြီ...
ဥပမာ.. ကိုယ်က ''This one?'' လို့ ပြောချင်ရင် ဒီအတိုင်းကို မပြောတတ်တော့ပဲ '' This one la'' လို့ ထည့်ထည့်ပြောတတ်တာ အကျင့်တစ်ခုဖြစ်နေပါပြီ..အဲ့ဒါကို စင်္ကာပူ အစိုးရက သိလို့  SGEM( Speak Good English Movement) လို့ ခေါ်တဲ့ အစီအစဉ်တစ်ခုကို မကြာခင်က အကောင် အထည်ဖော်ပေးခဲ့ပါတယ်..အဲ့အစီစဉ်မှာ Singaporean တွေကို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံ အမျိုးမျိုးက နိုင်ငံခြားသားတွေနဲ့ တွေ့ ပေးပြီး စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့တာပါ..အဲ့အစီအစဉ်မှာ သူတို့ ကိုယ်သူတို့ English စကားတော်တော် ပြောနိုင်တယ် ဆိုပြီး ဟုတ်လှပြီ ထင်နေတဲ့ Singaporean တော်တော်များများဟာ အဲ့ကျမှ သူတို့ ရဲ့ ဆိုးရွားတဲ့ အခြေအနေကို သဘောပေါက်နားလည် သွားကြပါတယ်...
သူငယ်ချင်းတို့ ရဲ့ English အခြေအနေကော ဘယ်လိုရှိကြလဲ?... :)
Monday, July 19, 2010
အခန်းဖော်နဲ့ နေ့ စဉ် ပြဿနာ
ရေလဲထမီကို ရေချိုးပြီးရင် လျှော်ပြီးသား အ၀တ်တွေလှန်းတဲ့ နေရာမှာ ဒီအတိုင်း ပစ်တင်ထားတာ...ကိုယ်က တွေ့ ရင်တော့ အမြဲသတိပေးတတ်တယ်..အဲ့လို သတိပေးလည်း သတိပေးတုန်း ခဏပဲ ..ဟုတ် ဟုတ်နဲ့ ..ပြီးရင် သူလုပ်ချင်တာ လုပ်တော့တာ...သန့် ရှင်းရေးကိုလည်း သူ့ အလှည့်ရောက်ရင် ချော ခေါင်းမူးနေလို့ ..ပင်ပန်းပြီး ကိုယ်တွေ လက်တွေ ကိုက်နေတယ် မဖြူရယ် နဲ့ မလုပ်ဘဲ အကြောင်းပြပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်တတ်တယ်...သူက အဲ့လိုပြောတော့ ဖြူတို့ ကလည်း ဘာပြောလို့ ရမှာလဲ...သက်ပြင်း တစ်ချက်ချပြီး လုပ်ပေးရတော့တာပေါ့....အဆိုးဆုံးက ညအိပ်ချိန် ရောက်ရင် တစ်ဒေါက်ဒေါက်နဲ့  chat တော့တာပါပဲ...အဲ့လို ချက်တာ တစ်နာရီလောက်တော့ကြာတယ်...'' ဒီလောက် ညည့်နက်နေပြီ..ဘယ်သူနဲ့ ချက်နေတာလဲ '' ဆိုတော့ '' မသိဘူးလေ...ချောကို invite လုပ်ထားလို့ '' တဲ့...ကိုယ်ကလည်း သူ့  personal မို့ ဒီထက် မေးလို့ မကောင်းတာနဲ့ အိပ်ပျော်အောင် ကြိုးစားအိပ်ရတာပါပဲ...အခန်းထဲက လူတွေကလည်း complain တက်ကြတယ်...ဟုတ်တယ်လေ..သူ့ ဟာက တစ်ည နှစ်ည မှမဟုတ်တာ..ညတိုင်းလိုလိုဆိုတော့ လွန်တာပေါ့..အဲ့လိုမှ မချက်ရင်လည်း ကလစ်..ကလစ်..ကလစ် နဲ့ gmail စစ်ရင်စစ်.. ဂိမ်းဆော့ရင်ဆော့ လုပ်နေတတ်တယ်...မနက်ဘက်တွေ လုပ်ဖို့ အချိန်မရှိတာလည်း မဟုတ်...လူတွေ အိပ်ချိန်မှ လုပ်နေတာဆိုတော့ ဖြူတို့ လည်း သူ့ ကိုပြောရတော့တာပေါ့..မပြောလို့ လည်းမရဘူး...ကိုယ်တွေက မနက် ၅ နာရီအစောကြီးထပြီး အလုပ်သွားဖို့ ပြင်ဆင်ရတာ..သူက မနက်၉ နာရီ ၁၀ နာရီထိ အိပ်နေတာ..သူ့ အလုပ်က နေ့ ခင်း ဘက်ဆိုတော့ အိပ်နိုင်တာပေါ့...ဖြူက စောစော ထဖို့ ဆို စောစောအိပ်မှ ရတာ..မဟုတ်ရင် တစ်နေ့ လုံး ခေါင်းတွေ မူးနေရော...ခုတော့ ညဘက်ကို ၁၀ နာရီခွဲလောက်တည်းက အိပ်ရာထဲရောက်ပေမယ့် ၁၁ နာရီခွဲ ..၁၂နာရီလောက်မှ အိပ်ပျော်သွားတာ...
နောက်...အလွန် အသုံးအဖြုန်းကြီးတယ်...သူ့ ပိုက်ဆံသူ သုံးတာ ဖြူ ဘာမှမပြောပါဘူး..ဒါပေမယ့် လကုန်လို့ အိမ်လခ ပေးရင် အမြဲ တစ်ယောက်ယောက် ဆီက လှည့်ချေးတတ်တယ်...အဲ့လိုချေးပြီးရင်လည်း လလည်လောက်မှ ပြန်ပေးတတ်တာ...ကိုယ်တွေက ကိုယ့်အသုံးစရိတ်နဲ့ ကိုယ်...ပြီး..အိမ်ကိုလည်း ပို့ ရသေးတယ်...ကိုယ့်ဟာနဲ့ ကိုယ် ဘယ်လိုမှ လောက်တာမဟုတ်ဘူး...သူချေးသွားပြီဆို အိမ်ကို ပိုက်ဆံမပို့ နိုင်တော့ဘူး... အားနာလို့ ဘာမှမပြောတာ..သူရောက်ပြီးမှ တော်တော်ကို ဒုက္ခများတယ်...
စိတ်ညစ်တယ်...တကယ်ပဲ... :(
Saturday, July 17, 2010
လွမ်းတယ်.....
သူငယ်တန်း တစ်နှစ်ပတ်လုံး ကျောင်းဆင်းတော့ မေမေနဲ့ အတူ ၀က်သားတုတ်ထိုး ထိုင်စားခဲ့ကြတဲ့ အချိန်တွေကို လွမ်းတယ်.....
အဆင့် တွေ အမှတ်တွေကောင်းတဲ့အခါ မေမေ့ကို တစ်ခုခုဝယ်ပေးခိုင်းဖို့ အမြဲခေါ်သွားတတ်တဲ့ စတိုးဆိုင် သေးသေးလေးကို လွမ်းတယ်......
ကျောင်းပိတ်ရက်တွေတိုင်း မမောနိုင် မပန်းနိုင် စာအုပ် ငှားဖို့ သွားနေကျဖြစ်တဲ့ စာအုပ်အငှားဆိုင်လေးကို လွမ်းတယ်.....
ညနေတိုင်း ညနေတိုင်း အဒေါ်တွေနဲ့ တပျော်ကြီး လမ်းလျှောက်ထွက်ခဲ့ကြတာတွေကို လွမ်းတယ်....
၈ တန်းမှာဖြူ ချော်လဲတော့ ၀ိုင်းလှောင်နေတဲ့ ယောင်္ကျားလေးတစ်စုကို ကတ်ကတ်လန်အောင် ရန်တွေ့ ပစ်တဲ့ သူငယ်ချင်း အေးသီတာကို လွမ်းတယ်......
ကျူရှင်ဘေးက စားနေကျ ရခိုင်မုန့် တီဆိုင်လေးကို လွမ်းတယ်.....
အားလုံးအမြင်မှာ အရမ်းကြောက်စရာကောင်းတဲ့ ဆရာမကြီးတစ်ယောက်ဖြစ်ပေမယ့် သူတပည့်တွေ အမှတ်တွေကောင်းလာတဲ့အခါ ၀မ်းသာပြီး ပြုံးနေတတ်တဲ့ ၉တန်း အတန်းပိုင်ဆရာမကို လွမ်းတယ်....
ည ၇ နာရီတိုင်း တီဗီရှေ့ မှာ ကိုရီးယားဇာတ်လမ်းတွဲတွေကို တစ်မိသားစုလုံး တက်ညီလက်ညီ ထိုင်ကြည့်ခဲ့ကြတာတွေကို လွမ်းတယ်....
လမ်းထဲမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေလာခဲ့တဲ့ အိမ်နီးချင်းတွေကို လွမ်းတယ်....
မြန်မာနိုင်ငံ မှာရှိတဲ့ အမှတ်တရတွေကို တွေးမိတိုင်း စာအုပ်ထဲ ချချရေးခဲ့ရတာ အမော...ခုတော့ ဒီ blog လေးထဲ ရေးဖြစ်ခဲ့တယ်...
လွမ်းတယ်...မြန်မာပြည်ရယ်.....
Friday, July 16, 2010
နှင်းပွင့်ဖြူ
နှင်းပွင့်ဖြူ
မိတ်ဆက်
ပထမဆုံး အကြိမ် blog ရေးတာဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပြီး သင်ပြပေးကြပါလို့ ..... :)